Monday, May 4, 2009

John Denver - Country Road Take me Home



United States က အနောက်ဗာဂျီးနီးယား ဒေသက Blue Ridge Mountains ဆိုတဲ့တောင်ပြာတန်းကြီး.. (အဲဒီမှာလဲ သတ္တုမိုင်းတွေ ရှိတတ်တယ်..)


Blue Ridge Mountains တောင်ပြာတန်းကြီး ဖြတ်သန်းစီးဆင်းရာ.. ရှန်းနန်းဒိုးဝါမြစ်ကြီး...


လူတိုင်းစွဲလမ်းခဲ့တဲ့ ကျေးလက်သီချင်း(Country Music) လေး တပုဒ်ပဲဖြစ်ပါတယ်...။

John Denver-Country road




Almost heaven, West Virginia
Blue Ridge Mountains, Shenandoah River
Life is older there, older than the trees
Younger than the mountain
Growing like a breeze
နိဗ္ဗာန်ဘုံအလား.. ဗာဂျီးနီးယားအနောက်ဘက်ဒေသ...
ရိတ်ခ်ျ တောင်ပြာတန်းကြီးတွေနဲ့ ရှန်းနန်းဒိုးဝါ မြစ်ကြီးရယ်..

ဒီအရပ်မှာ ကြီးပြင်းခဲ့တယ်..
သစ်ပင်တွေထက် ကိုယ့်အသက်ပိုကြီးပြီး..
တောင်ပြာတန်းတွေထက်တော့ ကိုယ်က ပိုအသက်ငယ်တာပေါ့...

လေညှင်းလေးတွေအလား ကြီးပြင်းလာခဲ့တယ်...


Country roads, take me home
To the place where I belong
West Virginia, mountain mama
Take me home, country roads
ကျေးလက်လမ်းလေးရယ်.. ကိုယ့်ကို အိမ်အရောက်ပို့ပေးမယ်..
ကိုယ်ကြီးပြင်းခဲ့ရာ နေရာလေးဆီကို...

အနောက်ဗာဂျီးနီးယားက... မိခင်တောင်တန်းကြီးတွေနဲ့....

ကိုယ့်ကိုအိမ်အရောက်ပို့ပေးတော့ ..ကျေးလက်လမ်းကလေးရယ်...



All my memories gather round her
Miner's lady, stranger to blue water
Dark and dusty, painted in the sky
Misty taste of moonshine
Teardrops in my eye
သူ့ကိုပဲ တဝဲလယ်လယ် အောက်မေ့သတိရနေတဲ့ ကိုယ့်ရဲ့စိတ်တွေ...
မိုင်းအလုပ်သမားလေးရဲ့ဇနီးလေး... ပင်လယ်ရေပြာကို မမြင်ဘူးရှာသူ..
မှောင်မဲ ဖုံတထောင်းထောင်းနဲ့... ကောင်းကင်မိုးသားမှာ ဆေးရောင်ခြယ်ထားတယ်...
ညခင်းလမင်းအလင်းရောင်မှာ မြူတွေဝေလို့...
ကိုယ်မျက်ရည်တွေဝေ့လာတယ်...

Country road, take me home
To the place , I belong
West Virginia, mountain Mamas
Take me home, country roads
ကျေးလက်လမ်းလေးရယ်.. ကိုယ့်ကို အိမ်အရောက်ပို့ပေးမယ်..
ကိုယ်ကြီးပြင်းခဲ့ရာ နေရာလေးဆီကို...

အနောက်ဗာဂျီးနီးယားက... မိခင်တောင်တန်းကြီးတွေနဲ့....

ကိုယ့်ကိုအိမ်အရောက်ပို့ပေးတော့ ..ကျေးလက်လမ်းကလေးရယ်...



I hear her voice in the morning hour
She calls me
The radio reminds me of my home far away
And driving down the road I get a feeling
That I should've been home yesterday, yesterday
မိုးလင်းတိုင်းလာနှိုးတတ်တဲ့ မင်း အသံလေးကိုကြားယောင်လာတယ်..
ရေဒီယိုကလာတဲ့ သီချင်းသံလေးတွေက..
အိမ်ဝေးတယောက်ရဲ့ အဖြစ်ကို သတိရစေတယ်... လမ်းအတိုင်းမောင်းချသွားတော့ ...
မနေ့ညကအိမ်ကို မပြန်ရသလို ခံစားချက်ဖြစ်ပေါ်လာခဲ့တယ်..



Country roads, take me home
To the place where I belong
West Virginia, mountain mama
Take me home, country roads


1970 နှစ်များမှာကျော်ကြားခဲ့တဲ့ ကျေးလက်ရော့ခ် အဆိုတော် ဂျွန်ဒဲန်ဗားဟာ အသက် ၅၃ နှစ်အရွယ်မှာ တယောက်စီးကိုယ်ပိုင်လေယာဉ်ပျံ လေးကိုဝယ်ပြီးနောက်တနေ့မှာပဲ လေယာဉ်ပျက်ကျ ကွယ်လွန်ခဲ့ပါတယ်..။
လေယာဉ်လေးရဲ့ အမည်ကတော့
Long-Eze, serial number 54, number 228vs.
ဖြစ်ပါတယ်..။ အလွန်ခိုင်ခံ့တဲ့ ဖိုင်ဘာဂလပ်စ် ကော်နဲ့ တည်ဆောက်ထားတာပါ..။ သူက ဝယ်ပြီးချင်းချင်း စန်တာမာရီယာမြို့ကနေ မွန်ထရေရီ ကိုစမ်းသပ်ပျံသန်းပြီးပါပြီ..။
နောက်တနေ့ဖြစ်တဲ့ တနင်္ဂနွေ နေ့မှာနေ့လည်ခင်း ကမ်းခြေတလျှောက် တက်ဆင်း၃ကြိမ်ပြုလုပ်ခဲ့ပြီး မွန်ထရေရီ လေဆိပ်က ဆင်းသက်ခွင့် ပါမစ်ကိုမရခင်မှာ နောက်ပြန်လှည့်လာပြီး နောက်တကြိမ် စမ်းသပ်ပြန်သန်းဘို့ စတင်လိုက်ပါတယ်..။ အဲတာ October 12 1997 ဖြစ်ပါတယ်..။
သူဟာ "Yuma Rod and Gun Club" တံဆိပ် ဘက်စကပ်ဘောဦးထုပ် ၊ ခါးဆိုဒ် ၃၂ ရှိတဲ့ Haggar တံဆိပ် ဘောင်းဘီရှည် အစိမ်းရောင် နဲ့ ရောင်စုံဆွယ်တာအကျီင်္ ၊ အနက်ရောင်မြင်းစီးရှပ်လက်တို တို့ကို ဝတ်ဆင်ထားပါတယ်... (အီတွင် အတင်း.. အဲ .. သတင်းများကို...)ဆက်ပြောပါမယ်..။ ကန်းထွီး ဘွတ်ဖိနပ်နဲ့ ခြေအိပ်အနက်ရောင်လေးနဲ့..။
ညနေ ၅နာရီ ၂၈မိနစ်အချိန် ကမ်းခြေမှ ပေ ၁၅၀ အကွာရေပြင် အထက် ပေ ၅၀၀ လောက်မှာ လူတွေကြည့်နေတုန်းမှာပဲ ပေါက်ကွဲသံ အသေးစားလေးနဲ့ အတူ လေယာဉ်ပျံလေးဟာ ရေထဲ နှစ်ခြမ်းကွဲပြီး ပြုတ်ကျသွားပါတယ်..။ ချက်ချင်းပဲ ပင်လယ်ဇင်ယော်ငှက်တွေ ဟာ အဲဒီနေရာကိုရောက်ရှိကုန်ပါတယ်..။
အလွန်မြန်ပါတယ်..။ မိနစ်၂၀ လောက်ကြာတဲ့အခါ သူတို့ ဂျွန်ဒဲန်းဗားရဲ့ အပိုင်းအစတွေကို ဆယ်ယူရရှိတဲ့ အခါမှာ သူဟာ လူယောက်ကျားတစ်ယောက်လို့ ပြောရခက်တဲ့ အထိ ငါးတွေ ဇင်ယော်ငှက်တွေရဲ့ ထိုးယူစားသောက်ခြင်းကို ခံခဲ့ရတယ် ဆိုတာ စိတ်မကောင်းစွာ တွေ့ရှိခဲ့ရပါတယ်..။
ကျန်တာ စိတ်ဝင်စားရင်တော့ဒီနေရာမှာ ဆက်ဖတ်နိုင်ပါတယ်..။
လေယာဉ် ကို သင်တန်းမရှိပဲ မောင်းပြီး လေယာဉ်... လောင်စာဆီ စီဆင်းမှုကို မထိန်းချုပ်နိုင်လို့ပေါက်ကွဲခဲ့ရတာပါလို့ပြောပါတယ်.. ။ ကိုဘခက်တို့ သတိထားပြီး ဆိုက်ကားနင်းခိုင်းမှ...။
တော်ကြာလောင်စာဆီ........... အော်...။


သူစီးခဲ့တာ ဒါမျိုးလေးပါ...Long-Eze, serial number 54, number 228vs.

ကောင်းရာသုဂတိလားပါစေ.....။



3 comments:

♥ Acacia ♥ said...

ဒါဒို့များတို့ ငယ်တုန်းက သီချင်းပေါ့အေ.. သိပ်ကြိုက်တာ.. ကောင်းတယ်အေ... ဘယ်တော့ နားထောင် နားထောင်

♥ Acacia ♥ said...

သီချင်းထပ်လာနားထောင်တယ်ချင့်

Anonymous said...

တိုင်းကျု.. ညီမလေး..